အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာရွာနေ တောင်သူများ သဘာဝ မြေဩဇာ ပြုလုပ် အသုံးပြုနိုင်ရန်နှင့်စနစ်တကျ လက်တွေ့အသုံးပြုနိုင်ရန်အတွက် E.M ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကို ယနေ့နံနက်ပိုင်းက ပျဉ်းခုံကြီးစိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Dec 30,2020
ချင်းရွှေဟော်မြို့ရှိမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံ သား နေရပ်ပြန်ပြည်သူ(၈)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Dec 30,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်လုံခြုံရေး အတွက် ဝေါမြို့စည်ပင် သာယာ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက်   စားသောက်ကုန် (၇)မျိုးအား ယမန်နေ့   မွန်းလွှဲပိုင်းက နှလုံးသားပရဟိတ(သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက် ထောက်ပံ့ ပေးအပ် လှူဒါန်း ခဲ့ကြသည်။
Dec 30,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည် ရွေးချယ်ရာတွင် ကြီးကြပ်စိစစ် ဆောင်ရွက်မည့် မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ပုလဲသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 30,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိသည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ FFI (FAUNA & FLORA INTERNATIONAL)က Zoom Online Training ကို ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ အပိုင်း(၃)ပိုင်းဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordinator ဦးဇော်မင်းထွန်းက ပြောကြားသည်။