အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ လူနာကုတင် (Fowler bed)၊ Wheel chair နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများကို အလှူရှင်များက ယနေ့နံနက်(၉)နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု သစ်ဆိမ့်ကုန်း ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်းကျေးရွာအဆင့်မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သဲဗုဒ္မကျေးရွာအုပ်စု၊ အိုးအိုင်ကျေးရွာတွင်မိုးစပါး မျိုးစေ့ထုတ် စံပြကွက်၊ စံကွက်ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲကို၊ ယနေ့ နံနက်(၈)နာရီက ကွင်းအမှတ်(၂၂၇၃) တောင်သူ ဦးဝင်းဌေး၏ (၀.၁၀)ဧကရှိ ကွင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်
Dec 24,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်း တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား (၃၁) ဦးနှင့် မ(၂၄)ဦး စုစုပေါင်း (၅၅) ဦး ရောက်ရှိ လာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးရှေ့ မင်းလမ်းမပေါ်နှင့် မြို့မ‌ဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
Dec 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက် တန်းကျောင်း၏ (၂၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့မှုများဖြင့် အစဉ်အလာမပျက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ လျက်ရှိကြောင်း အ.ထ.က (ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
Dec 24,2020
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ အမျိုးသား တစ်ဦးထံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်အတည်ပြုအဖြေ ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးထံမှ သိရသည်။