Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀) ဦး အား ကိုဗစ်-၁၉ကာလအတွင်း ထောက်ပံ့ငွေပေးအပ်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဂျီအီးစီ (ပညာရေး ဝန်ထမ်းများ) ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းဖွင့်လှစ်
Dec 24,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် သာယာကုန်းအုပ်စု ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့် ကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် တခွက်ဖိုးကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း စတင်ဆောင်ရွက်
Dec 24,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်တခွက်ဖိုးကျေးရွာအုပ်စု တခွက်ဖိုးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း(အရှည် ၂၇၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၄၁,၇၀၀,၀၀၀)ကျပ်ဖြင့် စတင်အကောင် ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ
Dec 24,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးရာသီ ၌မိုးစပါး ၁၉၁၈ ဧက စိုက်ပျိုးခဲ့ပြီး CERP အစီစဉ်ဖြင့် မိုးစပါးပျိုးစေ့ထုတ်စံပြကွက် ၇၀ ဧက ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
Dec 24,2020
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ်ခြောက်သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကျွဲနွား တိရစ္ဆာန်များ ကုန်သွယ်မှုဆိုင်ရာ အရေးကြီးကူးစက်ရောဂါများ စူးစမ်း ထောက်လှမ်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်
Dec 24,2020
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ တိုးပွားရေးအတွက် မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကျွဲနွားတိရစ္ဆာန် ကူးစက်ရောဂါများ ကင်းဝေးစေရန်နှင့် တိရစ္ဆာန်မှ တစ်ဆင့် လူများကို ကူးစက်မှုမဖြစ်စေရေးအတွက် ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာအား သွားရောက်၍ မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေး စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိ
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညက ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27882
Page
27883
Page
27884
Page
27885
Current page
27886
Page
27887
Page
27888
Page
27889
Page
27890
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department