အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဈေးအရောင်းဆိုင် များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် Facility Quarantine ထားရှိသူ(၂၁)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရန် ယနေ့ နံနက်(၉) အချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း (Facility Quarantine) တွင်နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူခဲ့ကြောင်း သိရသည်။
Dec 18,2020
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုး တိုးတက် စေရေး အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်နှင့် ရေရှားပါးသည့်ကျေးရွာများ သောက်သုံး ရေဖူလုံစွာ ရရှိစေရန် ဒီဇင်ဘာ(၁၇)ရက် နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်၊ ချောင်းဆုံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလွတ်တော် ကိုယ်စား လှယ်လောင်းများ ပါဝင်သောအဖွဲ့မှ ၂၀၁၉-၂၀၂၀ဘဏ္ဏာရေးနှစ်တွင် ပြည်နယ် အစိုးရ ရန်ပုံငွေ ကျပ်သန်း(၅၀)ဖြင့် ဆောက်လုပ်ထားသည့် ဖံဖကျေးရွာ ရပ်ကွက်(၉) ဦးထွေးသိန်း၏ နေအိမ်ခြံဝင်း အတွင်းရှိ ရေးပေးဝေမှုအခြေအနေ၊ ရေပိုက် သွယ်တန်း မှုအခြေအနေနှင့် ရေစင် တည်ဆောက်ပြီးစီးမှု အခြေ အနေ များအား ကြည့်ရှု ခဲ့ပြီး လိုအပ်သည်များကိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် ဖံဖကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကျော်စိုးတို့အား မှာကြားခဲ့သည်။
Dec 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းကို ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီက စတင် ကောက်ယူခဲ့ကြောင်း သိရသည်။
Dec 18,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ် ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် Quarantine Center ဝင်ရောက်ခဲ့သူ အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးလူနာများအား လူမှု ဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက အမှတ်(၃၈)ရပ်ကွက်တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။