အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနဆိုင်ရာအချင်း ချင်း၊ မိတ်ဖက်အဖွဲ့ အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာထိန်းချုပ်ရေးအနေဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအား မြို့ပြင်၌ သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းအား ယမန်နေ့က ယာယီပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီခွဲက ယာယီပျံကျဈေး၌ အသားငါးရောင်းချ သည့် ဈေးဆိုင်များ အားရှောင်တခင်စစ်ဆေးခဲ့သည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၁၀၈) ရပ်ကွက် ဦးဖိုးလှိုင်လမ်းနှင့် ကနောင် မင်းသားကြီးလမ်းထောင့်ရှိ ယာယီပျံကျစျေးနှင့် အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်းရှိ ယာယီ ပျံကျစျေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒုတိယမြောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့ ည (၈)အချိန်က သိရှိရသည်။
Dec 18,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ (၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
Dec 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာရှိ အမွှာမိန်းကလေးနှစ်ဦး မွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့်် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ သွားရောက်၍ အမွှာ ကလေးအတွက် လိုအပ်သည့်ပစွည်းများ ထောက်ပံ့ပေးခဲ့သည်။