Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေးစစ်ဆေး
Dec 18,2020
ကျိုက်လတ် ဒီဇင်ဘာ ၁၈
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစာရင်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်
Dec 18,2020
မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းရေးသွင်းနည်းသင်တန်းကို ယနေ့နံက် ၁ဝနာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးသည်၊ ဈေးဝယ်များ အား Face Shield နှင့် Mask များ အခမဲ့ဖြန့်ဝေ
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Face shield နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပန်ဆိုင်းမြို့နှင့် မုံးကိုးမြို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 18,2020
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် ဌာနဆိုင်ရာများက ယမန်နေ့က မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့တို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်
Dec 18,2020
ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ တစ်ဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄) ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ယမန်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ် (၃) ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေး
Dec 18,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန် ယနေ့နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား လိုက်လံ စစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကို ဆိုလာပန်ကာမီးများ ပေးအပ်လှူဒါန်း
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ(၁၃)ရွာတွင် မီးလင်းရေးအခက်အခဲ ကြုံတွေ့နေကြသည့် ကျေးရွာနေပြည်သူများ အနေဖြင့် မီးလင်းနိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆိုလာပန်ကာမီး စုစုပေါင်း အလုံး(၄၅၆)လုံးကို ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် Quarantine Centre မှ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားသူများ၏ တို့ဖတ်နမူနာများကို မူဆယ်ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး
Dec 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်ထားသူများနှင့် နယ်ဝေးမှ ဝင်ရောက်လာသူ (၃၆)ဦး တို့၏ နှာခေါင်းတို့ဖတ် နမူနာကို မူဆယ်မြို့ ဓါတ်ခွဲဌာနသို့ ပို့ဆောင်၍ စစ်ဆေး ရာ(၃၆)ဦးလုံး ကိုဗစ်ပိုး ကင်းရှင်းကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27952
Page
27953
Page
27954
Page
27955
Current page
27956
Page
27957
Page
27958
Page
27959
Page
27960
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department