အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ဒီဇင်ဘာလ (၁၇)ရက်နေ့က မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် (၃၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တောင်မှမြောက်သို့ မောင်းလာသော 1Q-5306 Hijet စာပို့ယာဉ်သည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ဦးကြင်ဥလမ်းထောင့်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအန္တရာယ် ကျရောက်လာလျှင် အချိန်မီ ကယ်ဆယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်စခန်းဝန်းအတွင်း လေ့ကျင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက သုံးခွမြို့နယ် ကျေးလက်‌ ဒေသဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြာင်း သိရှိရသည်။
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော သတ်မှတ်စျေးဆိုင်များကို လိုက်လံ စစ်ဆေးသည်။
Dec 18,2020
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ Quarantine Center များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။