အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိ ရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၉၀) ရပ်ကွက်ရှိ က​နောင်မင်းသားကြီးလမ်းနှင့် ရတနာသိင်္ဃလမ်း​ထောင့်တွင် စစ်​ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အ.ထ.က(၅)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ များထားရှိရန် သီးသန့်ဖွင့်လှစ်ထားသည့် Quarantine Center ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များ မှ အလှူငွေများနှင့် အစာအာဟာရများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနေ သည့်ကာလ အတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက We Love Yangon (North Okkalapa) လူထုအခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 18,2020
‌ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို ရန်ကုန်အရှေ့ပိုင်း ခရိုင် သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ယမန့်နေ့ နေ့လယ်ပိုင်းက(ဃ)ရပ်ကွက်ရှိ အ.လ.က(၄) Quarantine သို့ အမှိုက်ကားဖြင့် လာရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် လွိုင်မြေရပ်ကွက် ပြည်ထောင်စုကားလမ်းမ တစ်လျှောက်ရှိ ဈေးဆိုင်းများနှင့် ညနေခင်းဈေး ဈေးရောင်း/ဈေးဝယ်သူများကို ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်‌ခဲ့ကြသည်။
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/ သူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်း ပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံဆင်ဆာ စနစ်ဖြင့် မီးလင်းသည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်ထားကြောင်း မြတ်သဒ္ဓါ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသိန်းနိုင်ထံမှ သိရသည်။