အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ တညင်းကုန်း ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၂၀၀၀)ကျော်ကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 17,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၄)ရပ်ကွက်တွင် ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Dec 17,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်ကာ ပုဂံမြို့နှင့် ညောင်ဦး မြို့နယ်အတွင်း နေရာ လေးနေရာတွင် ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ နှာခေါင်းစည်းများ အိမ်အပြင်ထွက်သူတိုင်း တပ်ဆင်သွားလာစေရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 17,2020
မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သံတံတားရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန် အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသားပြုပြင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
Dec 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံ ပြည်သူများ မိမိတို့အိမ်ခြံ၀င်းများတွင် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ များကို မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ပြည်သူများ လက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ရာမှ စတင်ပြီး ယခုနှစ်ဆောင်းရာသီတွင် ဒေသခံပြည်သူများ ဟင်းသီးဟင်းရွက်များ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့ များပြားလာလျက်ရှိရာ အဆိုပါ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 17,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မိပါးကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် စိုက်ပျိုး ထားသည့် ဆောင်းသီးနှံ မြေပဲစိုက်ခင်း ၆ ဧက ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ ယင်းဆောင်းသီးနှံမြေပဲစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းလမ်းညွှန်ချက် များနှင့်အညီ မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးချိန် ၇၅ ရက်ခန့်ကြာမြင့်ကြောင်း သိရသည်။