အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည်တွင် မိုးစပါးအပြီးဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက တောင်သူဦးသန်းဆောင်၏ ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ် (၂၀)၊ စိုက်ဧက(၂) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 17,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ ယနေ့နံနက် (၁၀) နာရီအချိန် က ဟိုပန်မြို့ကောင်းဟုန်းရပ်ကွက်၊ မန်မိုင်ရပ်ကွက်တို့တွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်သည်။
Dec 17,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ Facility Quarantine Center များသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ် Coronavirus disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာအတွင်းရှိ ဆည်တော်ဦး ကျေးရွာတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ်
Dec 17,2020
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ညနေ (၆)နာရီအချိန် က နေရပ်ပြန်ပြည်သူ (၇)ဦး ထပ်မံဝင်ရောက်လာသည်။
Dec 17,2020
ကရင်ပြည်နယ် ဖာပွန်-ကမမောင်း-ဝါးဘိုး တောကားလမ်းဘေးရှိ ဝဲပျံကျေးရွာ၌ ထိုင်ဝမ်ဖရဲ မျိုး (855) နှင့် HERA မျိုး၊ ယိုးဒယားမျိုးဖြစ်သည့် ဒေသအခေါ် ဒုံးကျည်သီးမျိုးစသည့်ဖရဲမျိုးများကို ယခင်နှစ်များထက် ဖရဲစိုက်တောင်သူများက ပိုမိုအားထည့်၍ ကြိုးပမ်းစိုက်ပျိုးကြောင်း သိရသည်။
Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ဒီဇင်ဘာ ၁၆ရက်နေ့က ခုတင်-၃၀၀ဆံ့ဆေးရုံ အထူး ကြတ်မတ်ကုသဆောင်တွင် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား ဓာတ်ခွဲနမူနာများရပြီးTest Kitများဖြင့် စစ်ဆေး သူများအနက် (၃)ဦးတွင်လည်းကောင်း၊
Dec 17,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဉးစီးဌာန အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ကုန်းရွာကျေးရွာ ကွင်း အမှတ် (၈၃၆/ ၁၇၀၀) တောင်သူဦးကျော်ဆန်း၏ အောင်မြင်ဖြစ်ထွန်းနေသော ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ ကြောင်းသိရသည်။