အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2020
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်‌နေ့ မွန်းလွဲ ၃ နာရီက အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင် ကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
Dec 17,2020
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာနှင့် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယခုနှစ်မိုးရာသီတွင် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းထိန်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Dec 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ဘော်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ တွင် ကျွဲ၊ နွားနှင့် ဆိတ်များ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
Dec 17,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်မှု ရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်၏ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိစာရရပ်ကွက် ရှိ  ဦးဝိစာရလမ်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အေးနှင့်အဖွဲ့၊  ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်းတို့က ပူးပေါင်း၍ ယမန်နေ့ည၉ နာရီကယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ကြောင်းသိရသည်။
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ပန်းရွှေဝါပန်းခြံအတွင်း စိမ်းလန်းသာယာ လှပစေရေး ပြည်သူများ အပန်းဖြေနိုင်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်း က အဆိုပါ ပန်းခြံအား ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိကြောင်း သိရသည်။