အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မီးသတ်တပ်ဖွဲ့စခန်းမှ ပြည်သူများမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်အတွင်း ဆောင်ရွက်သည်။
Dec 17,2020
ကချင်ပြည်နယ်၌ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် လေကြောင်း လိုင်းများအား ဒီဇင်ဘာ ၁၇ ရက်မှစ၍ တစ်ပတ်လျှင် (၃) ရက်ခန့် ပြန်လည် ပြေးဆွဲတော့မည် ဖြစ်ကြောင်းနှင့် ရန်ကုန် - မန္တလေး - မြစ်ကြီးနား ခရီးစဉ် များသို့ အဓိကထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
Dec 17,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားသူများကို ဂန့်ဂေါ မြို့နယ်တွင် စက်မှုလက်မှု သိပ္ပံ(ဂန့်ဂေါ) ၊ အထက ဂန့်ဂေါ၊ မြို့မ အမက တို့တွင် ထားရှိရာ ယနေ့အထိ စုစုပေါင်း ၁၃၇ ဦးရှိနေရာ စေတနာရှင် များက ငွေကြေးထောက်ပံ့မှုအပြင် ဆန်၊ ဆီ၊ စားဖွယ်များ ဟင်းသီးဟင်းရွက်များ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
Dec 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ Betagro(Myanmar)Co.Ltd မှ ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါဆေးရုံကြီး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Dec 17,2020
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပေါက်ခေါင်းမြို့နယ်ရှိ စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ဖောငမြှောင် တောင် ပိုးဖလံများကို နှိမ်နင်းရာတွင် ဓာတုပိုးသတ်ဆေးဝါးများ အသုံးမပြုဘဲ သဘာဝနည်းများဖြင့် နှိမ်နင်းကာကွယ် ခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 17,2020
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်သူတိုင်း Mask တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးတွင် စည်ပင်ကော်မတီနှင့် ဈေးရုံးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။