Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေတောင်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 12,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် လူစည်းကားရာ ပြည်-ရန်ကုန်လမ်း တည်ကုန်းတောင်ပိုင်းဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပုံမှန်ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)ပြုလုပ်
Dec 12,2020
လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်
Dec 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက ဆင်မင်းစျေးနှင့်အလုံစျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း
Dec 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးဝင်းဆန်းဦး၏ မိုးစပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ၌ အ.လ.က ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၇၅ ရာနှုန်းခန့်ပြီးစီး
Dec 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကုန်းသောင် ကျေးရွာ၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ယခုအခါ ၇၅ ရာနှုန်းခန့်ပြီးစီးပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင်(၇၅၀)အတွက် ပြည်သူမှ ပြည်သူသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ၊ ဆရာစံတောင်(စံပြ)ရပ်ကွက်၌ နေထိုင်ကြသော အိမ်ထောင်စုဝင်(၇၅၀)အတွက် ရပ်ကွက်နေပြည်သူများမှ ရပ်ကွက်ပြည်သူများထံသို့ အခြေခံစားသောက်ကုန်ပစ္စည်း(၆)မျိုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် အချိန်ကာလတွင် ရပ်ကွက်အတွင်း နေထိုင်ကြသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်ရှိ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင် မတည်အလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၈ နာရီက လိုက်လံပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦးတွေ့ရှိ
Dec 12,2020
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)၏ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့ပြီး ယမန်နေ့ည (၈)နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၄)ဦးရှိကြောင်းနှင့် ၎င်းတို့အနက်မှ (၉)ဦးသည် လွိုင်လင်မြို့၌ အသွားအလာကန့်သတ်ထားရှိသူများ၊ နေအိမ်တွင် ကန့်သတ်စောင့်ကြည့်ထားသူများ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၌ နှာခေါင်းစည်းမတပ်ဆင်ထားသူများအား နှာခေါင်စည်း တပ်ဆင် သွားလာရေး လှုပ်ရှားမှု Mask Campaign ဆောင်ရွက်
Dec 12,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာသဖြင့် ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅၈)ရပ်ကွက်အပိုင် (၈၀)ရပ်ကွက် ကွမ်အပ်သားမင်းသားလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27995
Page
27996
Page
27997
Page
27998
Current page
27999
Page
28000
Page
28001
Page
28002
Page
28003
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department