အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2020
ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ကာကွယ်ဆေး အား အမှတ်(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လာရောက်ထိုးနှံ ပေးကြောင်း သိရှိရသည်။
Dec 15,2020
မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော ကုန်စုံဆိုင်များ၌ Sodium Cyclamate သတ်မှတ်ပမာဏကျော်လွန်နေသောအစားအသောက်များ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးသတ်ကားဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့ တိုင်းရင်းဆေးရုံ၊ ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်တွင် ဆေး ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ကပ် ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ(၁၃)ဦးတို့သည် ကျန်းမာရေး သတ်မှတ် ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်းသိရသည်။
Dec 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေး အန္တရာယ် လုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း ကာ မြို့နယ်စည်ပင် သာယာစျေး အတွင်း ယနေ့ နံနက်ပိုင်းက ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
Dec 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့တွင်း လမ်းဆုံ၊​​ မြောက်ပိုင်း ရပ်ကွက် (အထက)​ကျောင်း​ရှေ့နှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေး​ရေးဂိတ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ သံဃာဆေး ကုသဆောင်၌ ဆေးကုသမှုခံယူခဲ့သောကိုဗစ်လူနာ အသက်(၉)နှစ်နှင့် အသက်(၂၅)နှစ်၊ (၂)ဦး ယနေ့နံနက် (၁၀)နာရီတွင် ဆေးရုံမှ ဆင်းခဲ့ကြောင်းသိရသည်။