အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနသည် စပါးခွံဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာ တောင်သူ ဦးသိန်းမြိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးမောင်ကို၏ ဦးပိုင်အမှတ် (၁၂) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုး ထုတ်လုပ်ခြင်းနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက စိန်နန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်သော ဘောလုံး အခြေပြုရပ်ရွာလူထုဖြစ်စေရန်နှင့် ကိုဗစ်−၁၉ရောဂါကာကွယ်၊ တားဆီးရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 12,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်အုပ်စု အောင်မင်္ဂလာရိုး တူးဖော်ခြင်းလုပ်ငန်းသို့ ယနေ့နံနက် ၉ နာရီအချိန် လွှတ်တော်ကိုယ် စားလှယ်များနှင့် မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Dec 12,2020
ရှမ်းပြည်နယ(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိသူ(၈)ဦး၌ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
Dec 12,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီ၏ အစီအစဉ် ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) တွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားရှိရာ ဂန့်ဂေါ မြို့နယ် ဇီးပြားကျေးရွာမှ စေတနာရှင်များက အဆိုပါ ကန့်သတ်နယ်မြေအတွက် ဆန်နှင့်စားဖွယ်များ လှူဒါန်း ထောက်ပံ့လျက်ရှိသည်။