Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသားတစ်ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Dec 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင်ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသားတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့ဒေသ မင်းကြည့်ကျေးရွာတွင် ရေကာတာဆောက်လုပ်
Dec 12,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ မင်းကြည့်ကျေးရွာတွင် ရွာဝင်လမ်း ရေကာတာနံရံကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ် ဂန္ဓမာပန်းစိုက်တောင်သူများ အရောင်းအဝယ်အေး
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် ဂန္ဓမာပန်း စိုက်ပျိုးထားသော တောင်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် အရောင်းအဝယ်ပါးကာ အမြတ်အစွန်း လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကုသရန်နေရာများ ပြင်ဆင် ဆောင်ရွက်
Dec 12,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင် ကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ Positive လူနာများထားရှိ ကုသရန် နေရာတစ်ခု ထပ်မံပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုးရှိ၊ မရှိ Rapid Test Kit ဖြင့်စစ်ဆေး
Dec 12,2020
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၁၁)ဦး စုစုပေါင်းနေရပ်ပြန် ပြည်သူ(၂၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ် လေးကျွန်းသီလာ အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်း သိမ်မြေနုတ်၊ မြေသန့်၊ ပန္နက်ချခြင်း အခမ်းအနား ကျင်းပ
Dec 12,2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယခရိုင်၊ ရွာငံမြို့နယ်၊ စျေးတန်းရပ်ကွက်လေးကျွန်းသီလာ အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်း သိမ်မြေနုတ်၊ မြေသန့်၊ ပန္နက်ချခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အဆင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မြို့နယ် အဆင့် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာရှိ ကွင်းအမှတ် ၂၁/oss ထောင်ခမက်ကြေးတိုင်မြေ တောင်သူ ဦးဉာဏ်ထွန်း၏ ပေါ်ဆန်း မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့တွင် ပြည်သူများ Face Shield နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် တပ်ဆင်သူ/မတပ်ဆင်သူဦးရေ စာရင်းကောက်ယူခြင်းဆောင်…
Dec 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးနှင့်ကြိုတင်ကာကွယ်ရေးတို့အတွက် ပြည်သူများ Face Shield များနှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် တပ်ဆင်သူ/ မတပ်ဆင်သူဦးရေ စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အဝင်ပေါက်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27994
Page
27995
Page
27996
Page
27997
Current page
27998
Page
27999
Page
28000
Page
28001
Page
28002
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department