အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ် ခဲ့သည့် ထိခိုက် ပျက်စီးခဲ့သော စိုက်ခင်းများအား သီးနှံများ ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုး စိုက်ခင်းများ ပိုးမွှားရောဂါကာကွယ် နိုင်ရေး ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာနှင့် ညောင်ပင် သာကျေးရွာအုပ်စု၊ ဘုံတို ကျေးရွာများသို့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မဈေးရှိ ဈေးသူ/သားများထံ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက အခမဲ့ လိုက်လံဖြန့်ဝေကြသည်။
Dec 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေးအတွက် We Love Sanchaung ပရဟိတအဖွဲ့နှင့် အလှူရှင် များ ပူးပေါင်း၍ lockdown ကျခံနေရသော ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၃)စုအတွက် အခြေခံ စားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
Dec 08,2020
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးနေကြောင်းသိရသည်။
Dec 08,2020
၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်၊ ၁၃၈၂-ခု တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကား လက်ကမ်းစာစောင်အတွဲ (၄) အမှတ် (၇)ကို မကွေးတိုင်းဒေသကြီး၊ ဝောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့လယ်လမ်းဆုံတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
Dec 08,2020
၂၀၂၀ပြည့်နှစ်၊နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပေးကြောင်း သိရသည်။
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ဇီးရင်းကျေးရွာ၊ တောင်သူ ဦးညွှန့်တင်၏ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော ကွင်း အမှတ် ၁၀၆၀-က၊ ဦးပိုင်အမှတ်၂က၊ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ်စိုက်ကွက်၌ စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 08,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် (၉) နာရီခန့်က လမိုင်းမြို့ရှိ လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြောင်းသိရသည်။