Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေး
Dec 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈နာရီ အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ဆိုက်ကားဂိတ်များ၊ ကားမှတ်တိုင်များ တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရှောင်လမ်းတိုးဂိတ်၊ ကားဂိတ်များနှင့် မြို့မစျေးအတွင်း လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လုံယန်း-နောင်တော (၅/၀) မိုင် အပြီးသတ် မြေသားလမ်း ဖောက်လုပ်ခြင်း စတင်ဆောင်ရွက်
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လုံယန်းကျေးရွာအုပ်စုနှင့် နောင်တောကျေးရွာ အုပ်စုတို့ကို ဆက်သွယ်ထား သော ကျေးရွာချင်းဆက်လမ်း (လုံယန်း-နောင်တော) (၅/၀)မိုင် အပြီးသတ် မြေသားလမ်းဖောက်ခြင်း လုပ်ငန်းကို ၂၅-၁၁-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအား ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်မှုကို ယမန်နေ့ နေ့လယ်ပိုင်း က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝင်ငွေရသီးနှံနှင့် ဆောင်သီးနှံစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တောင်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရစိုက်ပျိုးထားသည့် သီးနှံများနှင့်ဆောင်သီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်း စကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ကျောက်တံခါး မြို့မဈေးနှင့် ဒဂုံ-မန်းလမ်းတို့တွင် ယမန်နေ့က အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ လူစည်ကားရာနေရာများ၌ ဖြန့်ဝေ
Dec 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများ၌ ဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက လူစည် ကားရာနေရာများ ဖြစ်သည့် ကားဂိတ်၊ ဆိုက်ကားဂိတ်၊ ဈေးဆိုင်များ၊ ပညာရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မီသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိ
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28033
Page
28034
Page
28035
Page
28036
Current page
28037
Page
28038
Page
28039
Page
28040
Page
28041
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department