အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေး မြို့အဝင် ဂိတ်ကို တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Dec 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ မဟာဗောဓိကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော (RS) မျိုးစပါးမှ (CS)အဆင့် ဆင်းသုခ မျိုးစပါးများ စိုက်ပျိုးကြရာ စပါးခင်းများ ရင့်မှည့်နေပြီ ဖြစ်သည့်အတွက် ရိတ်သိမ်းလျက်ရှိပြီး စိုက်ပျိုးရေး ဦးစီးဌာနကလည်း အထွက်နှုန်း ရရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းဖြင့် မှတ်တမ်းပြုလုပ်ရာ တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။
Dec 05,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာ‌နေသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဒဏ်ရိုက်အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Dec 05,2020
မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြား မပါရှိဘဲ လမ်းမများပေါ် သွားလာနေသူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဒဏ်ရိုက် အရေးယူ မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
Dec 05,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ