အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ၊ ဖူးဘိုးခိုလမ်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်း (ရာနှုန်းပြည့် ) ပြီးစီးပြီဖြစ်ကြောင်း သိရှိရ သည်။
Dec 04,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူ များနှင့် အတူ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နတ်သျှင်နောင်ခန်းမ၌ ကျေးလက်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည်။  
Dec 04,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အတွက် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် (၂၈၈.၆၁၃) ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ဒေါရောက်ခူ ကျေးရွာအုပ်စု၊ ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း ၂ မိုင်၊ ၄ ဖာလုံ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၄) စင်းတည်ဆောက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းသန့်ရှင်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်း များကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Dec 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၁၄) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယနေ့ နံနက်ပိုင်း ကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ Quarantine ဝင်ရောက်နေသူများနှင့် Volunteer များ အတွက် အလှူရှင်များမှ ​ကြက်ဥများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။