အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဂန့်ဂေါမြို့ နယ် ရဲလှကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Dec 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်းဈေး တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများက နေ့စဉ်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Dec 02,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများလယ်သမားများ၏ စိုက်ပျိုး ရေးလုပ်ငန်းခွင်အထောက်အပံ့ရရှိစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေး လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၁၁ အုပ်စုမှတောင်သူများအား ထုတ်ချေးပြီးစီးခဲ့ပြီဖြစ် ကြောင်း သိရသည်။
Dec 02,2020
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀--၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများ ပြည်သူများအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်၊ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့် ဖွံ့ဖြိုးရေးမည့်ကျေးရွာများမှ ပြည်သူများတက်ရောက်ကြပါသည်။
Dec 02,2020
ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များ၊ (Face Shield)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့်​ စျေးဝယ်ယူခွင့် လက်မှတ်များ စစ်‌​ဆေး​ခြင်းကို ယနေ့ နံနက် ၈ နာရီက ပန်းတနော် မြို့မဈေးကြီးအတွင်း ပြုလုပ်ခဲ့သည်။
Dec 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာစစ်ဆေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ခရမ်းမြို့အဝင်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 02,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။