Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေကူမြို့နယ်၌ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း (၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
Dec 02,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၂)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း ငါးအိုးကျေးရွာ ရွှေကညင်ရပ် နေထိုင်သော အမျိုးသား(၁)ဦးနှင့် ဟိုပင်မြို့ မြသီတာရပ်ကွက်နေသူ ယာဉ်မောင်း အမျိုးသား (၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့တွင် အသက်(၂)လမှ (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က အမာမြို့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးဆေးပေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဆောင်းရာသီကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမှီ စိုက်ပျိုးနိုင်ရန် မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 02,2020
ပေါက်မြို့နယ်၌ ဆောင်းရာသီသီးနှံဖြစ်သော ကြက်သွန်၊ အာလူးစိုက် တောင်သူများ ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီ လယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများကို တန်ဆောင်မုန်းလဆန်းပိုင်းတွင် စတင်ဆောင် ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်
Dec 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်၊ ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး မြို့နယ်လုံးကျွတ် Mask Campaign ပြုလုပ်
Dec 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၇နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၊ မြို့မစည်ပင်သာယာဈေး၊ ယာယီပျံကျဈေး၊ နမ်းခမ်း၊ ဂျိုးတောင်၊ ကင်းမြင်သာကျေးရွာနှင့် ၅ မိုင်လမ်း ဆုံနေရာတို့တွင် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် သဖန်းဆိပ်ရေလှောင်တမံမှ နွေသီးနှံ စိုက်ပျိုးရန် ဆည်ရေ တစ်ကြိမ်သာပေးမည်
Dec 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သဖန်းဆိပ်ရေလှောင်တမံမှ နွေသီးနှံ စိုက်ပျိုးရန် ဆည်ရေ တစ်ကြိမ်သာ ပေးမည်ဖြစ်သဖြင့် ရေပေးဝေမည့် အချိန်နှင့် ကိုက်ညီသော နွေသီးနှံများ ရွေးချယ် စိုက်ပျိုးနိုင်ရန် ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပေါက်မြို့ မြောက်ဘက်ကျေးရွာ ဆိပ်ကမ်း၌ ကျောချောင်းကူး ယာယီ ဝါးတံတားငယ် ဆောက်လုပ်ပြီးစီး
Dec 02,2020
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ကျောချောင်းတစ်ဖက်ကမ်းရှိ ဒေသခံ ပြည်သူများ နှင့်ခရီးသွားပြည်သူများ ကျောချောင်းကို ဖြတ်ကူးသွားလာရာတွင် အလွယ်တကူ ဖြတ်သန်းသွား လာ နိုင်ရေးအတွက် အရှည်ပေ ၂၅ဝ ခန့်နှင့် အကျယ် ၄ ပေရှိ ယာယီချောင်းကူး ဝါးတံတားကို ဆောင်းရာသီ ရေနည်းချိန်၌ မြောက်ဘက်ကျေးရွာ စေတနာရှင်အလှူရှင်များစုပေါင်း၍ နိုဝင်ဘာ လဆန်းပိုင်းတွင် ဆောက်လုပ်ပြီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28082
Page
28083
Page
28084
Page
28085
Current page
28086
Page
28087
Page
28088
Page
28089
Page
28090
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department