Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်၌ ဈေးကားများဖြင့် စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လာရောက် ရောင်းချပေး
Dec 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းများတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် သန်လျင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းမကြီး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် မိုးစပါးများ စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Dec 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွား ရေး ကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးများ စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူ ဦးထွန်းမြိုင်လယ်၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Test Kit ဖြင့် စစ်ဆေး
Dec 02,2020
ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် (Quarantine) ဝင်ရောက် နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ (Rapid Diagnostic Test Kit)ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ပိုင်းက မြို့နယ် အတွင်းရှိ (Quarantine Center) များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ များမှ သွား ရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် (၂၈)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး(၉)ဦးတွေ့ရှိ
Dec 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများ အနက်မှ (၈၇)ဦး၏ Swab နမူနာများအား(၂၈)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးခဲ့ရာ Positive(၉) ဦး ထွက်ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ကာကွယ်ဆေးထိုးခြင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ပုံမှန် ကာကွယ်ဆေး ထိုးခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love North Okkalapa ပရဟိတအဖွဲ့အား လူနာတင်ယာဉ်(၁)စီး လှူဒါန်း
Dec 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့အား အလှူရှင်မှ လူနာတင်ယာဉ် (၁)စီးကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ဆောင်းသီးနှံပဲပုတ်စိုက်ခင်းဧက(၇၅၀၀)ကျော်ခန့် စိုက်ပျိုးထားရှိ
Dec 02,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် ဆောင်းသီးနှံပဲပုတ် စိုက်ခင်းဧက(၇၅၀၀) ကျော်ခန့် စိုက်ပျိုးထားရှိကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အနံ့မရရှိသူများအား Fever Clinic သို့ပို့ဆောင်ခြင်း၊ အနံ့ပျောက် Negative ထွက်ရှိသူများအား Quarantine Center များသို့ပို့ဆောင်ခြင်းများ…
Dec 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိသည့် Quarantine Center (၁၃)ခု၊ အနံ့မရရှိသူများသာ သီးသန့်ထားရှိသည့် Quarantine centre (၃)ခုရှိပြီး ယမန်နေ့နံနက်ပိုင်း ကစ၍ ပရဟိတအဖွဲ့များမှ အနံ့ရရှိသူများအား Fever Clinic သို့ပို့ဆောင်ခြင်း၊ အနံ့ပျောက် Negative ထွက်ရှိသူများအား သက်ဆိုင်ရာ Quarantine Center များသို့ပို့ဆောင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28085
Page
28086
Page
28087
Page
28088
Current page
28089
Page
28090
Page
28091
Page
28092
Page
28093
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department