အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယနေ့ နံနက်(၉) နာရီမှ စ၍ မြင်တော်သာလမ်းမကြီးရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ပြေလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာနခွဲ(၁)၊ ရှုခင်းသာလမ်းရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဌာနခွဲ(၂) စသည့် ကျန်းမာရေး ဌာနခွဲ (၃)ခုတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် နိုဝင်ဘာ ၂၇ ရက်နေ့က မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် မိသားစုဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က တာဝန်ရှိသူများက ကယ်ဆယ်ရေး ရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အသုံးပြုနိုင်ရန်အတွက် ရှဲန်ရွက်အိမ်ဆောက်ပစ္စည်းဆိုင်က ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့သည်။
Dec 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်လှစ်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမရှေ့၌ ကျင်းပခဲ့သည်။
Dec 02,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ITEC Computer Center တို့ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအင်တာနက်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုင်းချောင်ကျေးရွာအုပ်စု အညာတန်း ကျေးရွာတွင် ယာယီအဆောက်အဦ တည်ဆောက်၍ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်ခဲ့ကြသည်။
Dec 02,2020
ရန်ုကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သားအိမ်ခေါင်းကင်ဆာ ရောဂါ( အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်း ထိုးနှံပေး ခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ဆောင် ရွက်ပေးလျက်ရှိသည်။