အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် အတွင်း ဆောင်းနှမ်းများ စိုက်ပျိုးသော တောင်းသူများအနေဖြင့် ယခင် နှစ်ကထက် အထွက်နှန်းနှင့် အရည်သွေးကောင်းမွန်သော်လည်း လက်ရှိအခြေအနေအရ ယခင်နှစ်ထက် စျေးနှန်း ကျဆင်းနေသဖြင့်တောင်သူများ အခက်တွေ့ လျက်ရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရပါတယ်။
Dec 01,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာ၏ အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာရှိ ဒေသအခေါ် ရုပ်သေချောင်းရှိ ဦးအောင်မိုးစိုး (ခ) ဦးအောင်အောင် အမှတ်(၉)ကျေးရွာနေသူ၏ တောင်ယာ ဥယျာဉ်ခြံ၌ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရှားပါးတိရစ္ဆာန် တစ်မျိုးဖြစ်သော ကြံ့သူတော် (အမ) တစ်ကောင်ကို ဖမ်းမိရရှိ ထားကြောင်း သတင်းအရ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သီဟဇော် နှင့် သစ်တောဝန်ထမ်း (၅)ဦး၊ မောတောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ်ရှိန်လင်းဦးတို့အဖွဲက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး (၁၆)ရက်တာ လှုပ်ရှားမှု ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့တွင်း လေးတိုင်စင် မီးပွိုင့်လမ်းဆုံ အနီး ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရေး၊လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ကျေးလက် လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မရိုးကန်-မာန်အောင် ကျောက်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
Dec 01,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာရပ်ကွက် ၃ အုပ်စု၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ပူးပေါင်းစစ်ရေးဂိတ်များ ဖွင့်လှစ်ကာ မြို့တွင်း ဝင်/ထွက် သွားလာသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိပါက Mask များပေးအပ်ကာ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကူးစက်ရောဂါပြန့်ပွားမှု အခြေအနေအား အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 01,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းတွင် တက်ကြွစွာပါဝင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက ယမန်နေ့က ထောက်ပံ့ငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
Dec 01,2020
မကွေးတိုင်းဒေသကြီး၌ ယခုနှစ် နိုဝင်ဘာ ၃၀ ရက် (ယမန်နေ့) ညပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃၇)ဦး ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ အတည်ပြုစာရင်း မှာ(၁၄၁၄)ဦးထိ ရှိလာပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။