အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် အသက်တစ်နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ပြန်လည်စတင်ထိုးနှံခြင်းများ​ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 27,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူယနေ့ အထိ(၂၆၂ )ဦး၊ကျန်းမာရေးကောင်းမွန်စွာဆေးရုံဆင်းသူ (၁၈၉) ဦး၊ မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် (၁၆)ကုတင်ဆန့် တိုင်းရင်းဆေးရုံတွင် ကုသဆဲပိုးတွေ့လူနာ (၇၂)ဦးရှိပြီး ရောဂါအခံရှိသူတစ်ဦးသာ သေဆုံးပါသည်။
Nov 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ အသုံးပြုနည်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသခဲ့သည်။
Nov 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နံနက် ၉နာရီခွဲက မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
Nov 27,2020
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Nov 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
Nov 27,2020
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ် ကာလအတွင်း သီလရှင်များဆွမ်းကိစ္စအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၁၁) ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သုခိတာရာမ သီလရှင်ကျောင်းသို့ ဆန်၊ဆီ အပါအဝင် အခြေခံစားသောက်ကုန်များကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။