အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း အပူဒဏ် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် အရိပ်ရပျိုးပင်ပေါင်း ၉၇၇၅၀ ပင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နယ်မြေ (၃) တွင် နေထိုင်သော အိမ်ရှင် ဒေါ်လုနန် (၄၀)နှစ် ဘ ဦးသိန်းဝမ် ပိုင်ဆိုင်သော (၁၅ ပေ ၁၀ ပေ) သက်ကယ်မိုး၊ ဝါးထရံကာမြေစိုက် ကြက်ခြံတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
Nov 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် ယနေ့ နံနက် (၀ဝး၂၅) နာရီခန့်က မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း သိရသည်။
Nov 27,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများတွင် ကြံစိုက်ခင်းများ စိုက်ပျိုးခြင်းကို အများအပြား စိုက်ပျိုးလျက်ရှိရာ နောကောကျေးရွာအုပ်စု လက်ခတ်ကျေးရွာတွင် မိသားစုတစ်ပိုင် စီးပွားဖြစ်စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 27,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးအတွက် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
Nov 27,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီစဉ်ဆောင်ရွက်ပြီးစောင့်ကြည့် လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သစ္စာလင်းမြိုင် ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၂၅)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 27,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အုန်းတော နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ အောင်သာကျေးရွာအုပ်၊ ရွာသစ်ကျေးရွာ တောင်သူ ဦးသန်းလှိုင်ဦး ကွင်းအမှတ် (၆၂၃/ ၁၆၀၅) ဦးပိုင် အမှတ်(၈၆)မှ ဆင်းရတနာ(၃) နှမ်းမျိုး(၅)ဧကအား စံပြရိတ်သိမ်းမှုအပေါ် ရိတ်သိမ်းချိန်လွန် နည်းပညာလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့၊ နေ့ပိုင်းက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။