အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​​ရောမြို့နယ်၌​ နေအိမ်ပြင်ပ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိသူများ အား အသိပညာ​ပေးခြင်းနှင့် mask များ အခမဲ့ဖြန့်​ဝေခြင်း လူထုလှုပ်ရှားမှုကို ယ​နေ့နံနက် ၇ နာရီခန့်က ကျိုက်မ​ရောမြို့အတ္ထရံ မြစ်ကူး (စံပယ်ဂူ) တံတားကြီးထိပ်၌ ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Nov 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့မစျေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ပူးပေါင်းစစ်ဆေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 26,2020
ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသဖြင့် ကော့သောင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကော့သောင်းမြို့နယ် ပညာရေးမိသားစုများမှ တတိယကြိမ်မြောက်အဖြစ် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးရေးနှစ်
Nov 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးသုံးပစ္စည်း များကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် လာရောက်လှူဒါန်းခဲ့သည်။
Nov 26,2020
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အနက် အမှတ်(၃)ရပ်ကွက်နေ မိသားစုဝင် ၆ ဦးအား ယနေ့နံနက်ပိုင်း က RDT စစ်ဆေးခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရန်ကင်း မြို့နယ်၊ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက်ခဲ့ သည်။
Nov 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်အုပ်စု လက်ပံကုန်း ကျေးရွာတွင် နိုဝင်ဘာလ ၂၄ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။