Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အောင်မြေသာစံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 17,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားတွင် အမှတ် (၈၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အောင်မြေသာစံမြို့နယ်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ (၃၀၀) ကို ခရီးသွားပြည်သူများအား ဖြန့်ဝေပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချပေးသွားမည်
Aug 17,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဩဂုတ် ၂၁ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထပ်မံ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်စာရင်းပေးရန် နှိုးဆော်
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၁.၈.၂၀၁၀ မှ ၁.၉.၂၀၁၁ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းကို မြို့နယ် အတွင်းရှိ ပြည်သူများသိရှိနိုင်ရေး အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် (၁၈) နှစ်ပြည့် နိုင်ငံသာစိစစ်ရေးကတ်ပြားမရှိသူများအတွက် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က တခင်းလုံကျေးရွာနှင့် ဥဒေါင်ကျေးရွာ ဘုန်တောင်ကြီးကျောင်း၌ ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင်(၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်တွင် ယမန့်နေ့ နံနက်ပိုင်း က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်ဆရာတော် ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ စတုတ္ထ အကြိမ် ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၉၃၅၁)စုအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တာဝန်ရှိသူများက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် အခြေပြု၍ ယမန်နေ့က တစ်ပြိုင်နက်တည်း သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 17,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့ (က) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28119
Page
28120
Page
28121
Page
28122
Current page
28123
Page
28124
Page
28125
Page
28126
Page
28127
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department