အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက United Amara Bank(UAB) ဘဏ်(၁၀)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဝင်ငွေနည်း မိသားစုများ၊ သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအတွက် ဆန်(၃)ပြည်ပါ အိတ်(၈၀၀)ကို UAB ဘဏ်မှ တာဝန်ရှိ သူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့လှူဒါန်းပေး အပ်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၉) ရပ်ကွက် တွင် ယမန်နေ့
Aug 17,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့က ဆရာ၊ ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာ‌ရေး အသိပညာပေးခြင်းကို ယမန်နေ့က မူလွန် (၁)၊ မူလွန် (၃) ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စုအား တစ်အိမ်ထောင်စု လျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် ဩဂုတ်(၁၅)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
Aug 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ ကျူတောကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမီးလင်း ရေး ဆောင်ရွက်နေမှုနှင့် မီးလင်းရေးတင်ပြထားသည့် ကြောင်လျှာကန် တောင်ကွင်းတဲစုများအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူ များက ယမန်နေ့ နေလယ်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Aug 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ခြောက်ရပ်ကွက်တို့တွင် သတ်မှတ်နေရာအသီး သီး၌ ကြေညာထားမှုကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ ခရိုင်/ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဉီးသန်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများအတွက် ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။