အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုခြင်းဖြင့် မိသားစု ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါငံခါး(၂)ရပ်ကွက်ရှိ ခန်းမဆောင်၌ အခြေခံ နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၀) ကို ဖွင့်လှစ်ပေးသည်။
Nov 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီ၊ ၄၀ မိနစ် အချိန်က ဦးအောင်ဒင်၏ နေအိမ်မီးလောင်ခဲ့သည့်အတွက် မီးဘေးသင့်အိမ်ထောင်စုအား ယနေ့ နံနက် ၁၂ နာရီ အချိန်က ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 26,2020
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အွန်းလိုင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်း​ဒေသ ကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုး​ရေးရာဝန်ကြီး ​နော်ပွယ်စေး နှင့် ​တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ​အရပ်ဘက်လူမှု​ရေးအဖွဲ့အစည်းများတက်ရောက်​ကြောင်းသိရသည်။
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၅၄)ဦး နေအိမ် ပြန်ခွင့်ရရှိကြောင်း သိရသည်။
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီ မြို့နယ်တွင် Quarantine Centre အဖြစ် အ.ထ.က(၁)၊ အ.ထ.(၂)၊ အ.ထ.က တပ်ကြီးကုန်း၊ အ.ထ.က မင်းရွာတို့တွင် ဆောင်ရွက်ထားရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ် အမှိုက်များကို ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။
Nov 26,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၌ ဧရာဝတီမြစ်အတွင်းရေလုပ်ငန်းလုပ်ကိုင်ကြသည့် ဆိပ်ကမ်းသာရေလုပ်သားများ ငါးကြီး ဖမ်းရာသီတွင် ငါးများရရှိကြသည့်အတွက် မိသားစုဝင်ငွေ အဆင်ပြေကြကြောင်းသိရသည်။
Nov 26,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အဓိကသီးနှံအဖြစ် မိုးရာသီတွင် စပါး၊ ဆောင်ရာသီတွင် မြေပဲ၊ ပဲပုတ်၊ နှမ်းနှင့်ကြံတို့ကို စိုက်ပျိုးထားရှိရာ မြေပဲစိုက်ပျိုးမှု ဧက (၈၀၀၀) ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။