အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ဝမ်းတွင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2020
လမ်းမတော်မြို့နယ် UMFCCI တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် အရေးပါသည့် Loan တစ်ခုဖြစ် သော JICA Two-Step Loan နှင့်စပ်လျဉ်း၍ CB ဘဏ်မှ တာဝန်ရှိသူများ ယမန်နေ့၊ မွန်းလွဲပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့ကြသည်။
Aug 17,2020
မိတ္ထီလာမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများထံ ထုတ်ချေးပေးထားသည့် China Exin Bank ချေးငွေအနက်မှ အသင်းဝင်များ၏ စုဆောင်းထည့်ငွေမှ ရရှိသည့်အတိုးရငွေ ကျပ်သိန်း ၈၆၀ ကျော်အား အသင်းဝင်များထံသို့ ပြန်လည်ပေးအပ်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
Aug 17,2020
ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့သည့်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု (၁၇၂၆) စုထံသို့ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာနိင်ငံ ဆန်စပါးအသင်းချုပ်မှ ပေးအပ်လှူဒါန်းထားသော ဆန်အိတ်(၂၆)အိတ်အား ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆန်အိတ်များအား လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။
Aug 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထား​သော "​အောင်ဖာပွန်" မြို့မလူငယ်အဖွဲ့သည် ယ​နေ့နံနက် (၇) နာရီအချိန်က ဖာပွန်မြို့တွင်းသို့ လှည့်လည်၍ ဖာပွန်မြို့၊ သမိုင်းဝင်​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီးတည်ရှိရာ ​ရွှေဆံ​တော်ဘုန်း​တော်ကြီး​ကျောင်းအတွက် ဝါတွင်းကာလဆွမ်းဆန်စိမ်းအလှူခံထွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချ​ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထား​​သောစုရပ်​နေရာများ၌ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။