Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ယာဉ်လိုင်းများ ခေတ္တယာယီပိတ်
Nov 23,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ဝင်မြို့ထွက် ဂိတ်များတွင် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၌ လမ်းလုပ်သားနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT)Test Kit ဖြင့်စစ်ဆေး
Nov 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ ခေါ်ဆောင်လာသည့် လုပ်သား(၁၇)ဦးနှင့် မိသားစုဝင်(၆)ဦးကို ယမန်နေ့ညနေ (၄)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့တွင် စားသောက်ဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများ ယမန်နေ့နံနက် ၉နာရီအချိန် က မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းတို့ဆောင်ရွက်
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်၊ ကျေးရွာ အုပ်စုကြီး(၅)စု၊ ကျေးရွာပေါင်း (၂၀)တို့တွင် ယနေ့ နံနက် (၉)နာရီမှစပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဝင်းမာ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုး ခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စားသောက်ဆိုင်၊ ထမင်းဆိုင်များဆိုင်များ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့်ရရှိရေးသက်ဆိုင်ရာမှစစ်ဆေး
Nov 23,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီဆိုင်ထိုင်ရောင်းချခွင့်ရရှိရေး ဆောင်ရွက် ထားရှိမှု ရှိ/ မရှိကို ယမန်နေ့ နံနက် ပိုင်းက ကော့ကရိတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်
Nov 23,2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ဝါဘန်းပလို့ကျေးရွာ ခန်းမဆောင်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ကို ဖွင့်လှစ်ပေး သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းသိမ်းကာကွယ်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်
Nov 23,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ပူဇော်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28162
Page
28163
Page
28164
Page
28165
Current page
28166
Page
28167
Page
28168
Page
28169
Page
28170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department