အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ Mask & Face Shield Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေး အသင်းတို့ ပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရမ်းမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီက ဘုရားကြီးရပ်ကွက်ရှိ အခွန်လွတ်စျေး နှင့် ဦးဝိစာရ ရပ်ကွက်ရှိ ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာ ရေးဌာနတို့က မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြု ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စည်ပင် သာယာရေးကော်မတီမှဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာ တို့က လမ်းအရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ အစဉ်အမြဲ ကောင်းမွန်နေစေရေးအတွက် ယနေ့မွန်းလွဲပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ဝိန်းလောင်းလမ်း လမ်းသွယ်(၁)အား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Nov 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အ.ထ.က (၄) ကျောင်း၊ Quarantine Centre အမှတ်-၃တွင် Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် ထမင်းဘူး (၆၀၀)ဘူးအား ယမန်နေ့ နံနက်ပိုင်းအချိန်က လာ​ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။