အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းများ ပိုမိုပြည့်စုံမှန်ကန်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Nov 23,2020
လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြိုင်ဈေးတွင် ဈေးရောင်း/ဈေးဝယ်များနှင့် ဈေးလာပြည်သူများအား Mask Campaing ကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ယမန်နေ့ညနေပိုင်း က မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သည်။
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက် ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ ကြောင်း သိရသည်။
Nov 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ကြောင့် ပျက်စီးသွားသော ရာသီသီးနှံနှင့် နှစ်ရှည်ပင်များအတွက် တောင်သူများအား နစ်နာကြေးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုအသီးသီးရှိ Quarantine စခန်းများမှ ပြည်တွင်းပြန်များအား ယမန်နေ့က အာခေါင်တို့ပတ်ရယူ၍ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
Nov 23,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ်နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ဈေးများနှင့် လမ်းဆုံနေရာ များတွင် Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာ ကုသရေးဌာနတွင် ထားရှိသည့် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး ယမန်နေ့ ည(၆:၃၀)နာရီအချိန်မှ စတင်၍ ည (၁၀:၀၀)အချိန်ထိ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။