Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာ၃၅ဦး ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရ
Nov 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယမန်နေ့အချိန်ထိ (၃၅) ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်းများက ဂရုစိုက်ကြပ်မတ် ကုသဆောင်ရွက်ပေးလျက်ရှိရာ (၂၁.၁၁.၂၀၂၀) ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ (၄) ဦးတို့သည် ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ လူနာများ သည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရန် ကွင်းဆင်းစစ်ဆေး
Nov 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ Surgical Mask များကို ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အခမဲ့ဝေငှပြီး Mask တပ်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
Nov 23,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ရှိ လူစုလူဝေးများပြီး လူထူထပ်သောနေရာများ ဖြစ်သည့်စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၌ ယမန်နေ့နံနက်(၇)နာရီတွင် Surgical Mask များကို ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အခမဲ့ဝေငှပြီး Mask တပ်ရန် Hand Speaker ဖြင့်ဆော်ဩ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်၌ နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
Nov 22,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူတို့ လူစုလူဝေးရှောင်ရှားနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ နေထိုင်ခြင်းနှင့် မဖြစ်မနေ ပြင်ပသို့ သွားလာရသည့်အခါ နှာခေါင်းစည်း(Mask)၊ မျက်နှာကာ Face Shield များ စနစ်တကျတပ်ဆင်စေကြရေး အသိ ပညာပေးဟောပြောခြင်းနှင့် Mask ၁ဝဝဝဝ အခမဲ့ဖြန့်ဝေခြင်း(Campaign)ကို ယနေ့ နံနက် ၆ နာရီခွဲက လင်းခေးမြို့နယ်တွင် ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်အတွင်းမှ မိုးစပါးစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ တန်ဆည် မြို့နယ် ဗိုလ်မြကျေးရွာအုပ်စု SRI နည်းဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်…
Nov 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် ဦးဆောင်ကာ မိုးစပါးစိုက်တောင်သူ ၂၃ ဦးတို့သည် တောင်သူမှ တောင်သူသို့ နည်းပညာ ဖြန့်ဝေခြင်း အစီအစဉ်ဖြင့် တန့်ဆည်မြို့နယ် ဗိုလ်မြကျေးရွာအုပ်စု တောင်သူ ဦးမျိုးဝင်း၏ SRI စံပြကွက် မိုးစပါးအစွမ်းဖွင့် စိုက်ပျိုးထားရှိမှုများအား ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့ထားသူများအား အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားပြီး ၎င်းတို့ကို ပံ့ပိုးကူညီမှုဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလု…
Nov 22,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ နိုဝင်ဘာ(၂၁)ရက်နေ့က နောင်ချိုစစ်ဆေးရေးဂိတ်တွင် နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်နေ ကားဆရာတစ်ဦးထံ မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိရပြီး ၎င်းနှင့်ထိတွေ့ထားသူများနှင့် ၎င်းကုန်ချ ပေးခဲ့သည့် ကုန်စုံဆိုင်များအားလုံးကို အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း ခံရသူများကို ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ပြုလုပ်သွားနိုင်ဖို့ တာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီက ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းကားများ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Nov 22,2020
မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းကားများ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီက အောင်မြေသာစံ မြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ အကွက်(၅၅)၊ ၁၂ နှင့် ၁၃ လမ်းကြား ၈၁ လမ်းရှိ အလှူရှင်၏ နေအိမ်ရှေ့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask Campaign ဆောင်ရွက်
Nov 22,2020
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ စျေးများနှင့် ကျိုက္ခမီမြို့မစျေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး မြှင့်တင်ရေးနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှု အဖြစ် ယနေ့ နံနက်(၇)နာရီ အချိန်မှ စတင်၍ Mask Campaign ကို ဒုတိယနေ့အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28178
Page
28179
Page
28180
Page
28181
Current page
28182
Page
28183
Page
28184
Page
28185
Page
28186
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department