Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ(၄၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများ နှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်…
Nov 22,2020
Dan Churchaid Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ မိုးစပါး ၄၆၈၄၈ ဧက စိုက်ပျိုးထားရှိပြီး ၁၃၀၀၆ ဧက ရိတ်သိမ်းပြီးဖြစ်
Nov 22,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးစပါးဧကပေါင်း ၄၆၈၄၈ စိုက်ပျိုးထားရှိပြီး ၁၃၀၀၆ ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ၆၄.၆၃ တင်း အထွက်နှုန်း ရရှိခဲ့ကြောင်း၊ သက်တန့်ရောင်စီမံချက်ဖြင့် အခမဲ့ ထောက်ပံ့ပေးအပ်သည့် စူပါနှံကောက်မျိုးစပါး ဧက ၅၀၀ အား ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ၈၂.၅၀ တင်း ထွက်ရှိ၍ အထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမကြီးပေါ် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ သတ်မှတ်ကုန်တင် တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်ခြင်းမပြုစေရေး အသိပညာပေး
Nov 22,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဆိုင်ဝမ်ကထောင်ကျေးရွာ၌ တပ်ဆင်ဆောင်ရွက်ထားသည့် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး တန်ပိုစစ်ဆေးရေးကတ္တားဂိတ် (Weight Bridge) တွင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များ သတ်မှတ်ကုန်တင် တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်နှင်ခြင်း မပြုစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးမင်းမင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Stay at Home မြို့နယ်တွင် အကျုံးဝင်သော်လည်း အိတ်ချ်ပီဗီကာကွယ်ဆေးကို တစ်ရက်လျှင် လူဦးရေ(၅၀)ဖြင့် စတင်ထိုးနှံပေး
Nov 22,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သည် Stay at Home မြို့နယ်တွင် အကျုံးဝင်သော်လည်း အိတ်ချ်ပီဗီ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထား သည့် ကျန်းမာရေးဌာနများတွင် (၁)ရက်လျှင် အသက် (၉) နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ်ဦးရေ (၅၀)ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီး ကပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
အဆင့်မြင့်စာကြည့်တိုက်ပညာသင်တန်း( Online Course )(၁/၂၀၂၁)ဖွင့်လှစ်မည်
Nov 22,2020
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ကြီးမှူး၍ စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက်အဆင့်မြင့် စာကြည့်တိုက်ပညာ(Online Course)(၁/၂၀၂၁) သင်တန်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိတနင်္လာနေ့မှ စနေနေ့ထိ နံနက်(၁၀)နာရီမှ(၁၂)နာရီထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ပညာရေး မိသားစုမှ မောတောင်တိုက်နယ်ဆေးရုံသို့ ချွဲစုပ်စက်ဝယ်ရန် အလှူငွေများ လှူဒါန်း
Nov 22,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေး မိသားစု၏ ရွှေရီပညာစာနာဖေးကူမှုအသင်းမှ တနင်္သာရီမြို့နယ် မောတောင်မြို့ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် Electric Suction Machine (ချွဲစုပ်စက်) ဝယ်ယူရန်အတွက် ချွဲစုပ်စက်တန်ဘိုးငွေ (၂၈၀,၀၀၀) ကျပ်ကို မောတောင်မြို့-တိုက်နယ်ဆေးရုံ ရုံးခန်းအတွင်း ယမန်နေ့ နံနက်ပိုင်းက တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟအောင်ထံ လှူဒါန်းပေးသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ပြန်လည်စတင်တော့မည်
Nov 22,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ခေတ္တ ရပ်နားထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်ပေးတော့မည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး…
Nov 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28179
Page
28180
Page
28181
Page
28182
Current page
28183
Page
28184
Page
28185
Page
28186
Page
28187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department