အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ်လ (၁၂) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 12,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ International Youth Day အထိမ်း အမှတ်လူငယ်များ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 12,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီ က မိုင်းရယ်မြို့၊ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်လျက်ရှိသည်။
Aug 12,2020
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာသို့ မျိုးကောင်းမျိုးသန့်ဒေသနွားပြာစိမ်း အမ(၂၀)ကောင်နှင့် အထီး(၁)ကောင် ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က မဲ့ဘောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာတွင် အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထဟော(၂) ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျင်းပခဲ့ကြသည်။
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နေလယ် ၂ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Aug 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။