အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေ
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၇)နာရီအချိန်က မြို့နယ်စည်ပင် သာယာရေးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊အိုင်ကြီးအုပ်စု၊ မကျည်းပင်စုကျေးရွာ၊ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၂နာရီအချိန်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ကျင်းပပြုလုပ်ရာ ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်း(VRFP)ရန်ပုံငွေများကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
Aug 12,2020
မိုင်းရှူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှ စ၍ ကပ်ထားကြေ ညာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကြပြီး ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
Aug 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေ​မြောင်း အဖုံးပါလုပ်ငန်းများ၊ Box culvert များ ပြုလုပ်ခြင်း၊ တိုးချဲ့ကွန်ကရစ်ခင်းလုပ်ငန်းနှင့် ဝဲယာရေ​မြောင်းအဖုံးပါလုပ်ငန်း၊ အနောက်ပိုင်းဆေးရုံ အထပ်မြင့် ဝန်ထမ်းအိမ်ရာသစ် နှစ်လုံး ဆောက်လုပ်မှု စသည့်လုပ်ငန်းများ၏ ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ကျန်ရှိမှုလိုအပ်ချက်များ စစ်​ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းက မြို့နယ်လွှတ်​​တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။
Aug 12,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။