အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ရမည့် အထူးရဲများခန့်အပ်နိုင်ရန် စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုးကုတ်မြို့ မြို့မစခန်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် လွယ်အံ(လုံ)အုပ်စု လွယ်အံကျေးရွာသို့ သွားရောက်၍ ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းမှ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်လွင်နှင့် တာဝန်ရှိသူများက သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ကျောင်းများတွင်ထားရှိရန် PPE ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Hand Gelများ၊ နှာခေါင်းစည်း(Mask)များနှင့် လက်ဆေးဆပ်ပြာများကို ယမန်နေ့ နံနက်ပိုင်းက နယ်စည်းမခြားပရဟိတ အသင်းရုံးတွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 12,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူ များ ကိုယ်တိုင်ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ပျားကျေးရွာအုပ်စု ပျားကျေးရွာ လမ်း မြေသားတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်းသိရသည်။
Aug 12,2020
နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ အတွင်း ဒေသခံ ပြည်သူများ အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးနိုင်ရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင်လက်မှတ် မရှိဟု ဖော်ပြထားသူများအား နိုင်ငံသား အသိအမှတ်ပြုလက်မှတ် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကောက်ကွက် ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအခြေအနေ များနှင့် ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခြင်း ဆောင်ရွက်သည်။
Aug 12,2020
မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့မဈေး နှင့် သီရိရတနာဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။