Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူ (၅)ဦး၏ စိုက်ပျိုးမြေဧက (၇၉)ဧကတို့အတွက် စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်း (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်
Aug 11,2020
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် အတွင်းရှိ တောင်သူ (၅)ဦးတို့၏ သရက်၊ နဂါးမောက်၊ ကန်ဇွန်းဥ သီးနှံစိုက်ဧက စုစုပေါင်း (၇၅)ဧကအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)အသိအမှတ်ပြုလက်မှတ်များကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်တွင် ၁၀ တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံးရာမှ အလောင်းအား ပြန်လည်တွေ့ရှိ
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းရှိ တောနော်ရေတံခွန်တွင် သြဂုတ် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က လူငယ်တစ်ဦးရေနစ်ခဲ့ကြောင်း သိရ၍
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်
Aug 11,2020
အခြေခံပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းသင်ရိုးသစ် မိတ်ဆက်သင်တန်းကို အခြေခံပညာအရည်အသွေး တိုးတက်စေရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး၊ ဘက်စုံလွှမ်းခြုံ ပြန်လည်ဆန်းစစ်မှုများနှင့် အဓိကပြောင်းလဲမှုတို့ကို ဘာသာရပ် အသီးသီး၏ အကြောင်းအရာများတွင် သာမက သင်ကြားသင်ယူမှုဖြစ်စဉ်များနှင့် ချဉ်းကပ်နည်းများကိုလည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Grade-4 သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း သင်ကြားပို့ချ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်များတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ပြသထား
Aug 11,2020
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာနိုင်ရန် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် စာတိုက်ကုန်းရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တို့တွင် နံရံကပ်စာစောင်ပြုလုပ်၍ သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ခင်းကျင်းပြသထား သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၂၈)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 11,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၇)ဉီးနှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၂၈)ဉီး တို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်
Aug 11,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးထုတ်လုပ်ခြင်း အသိပညာပေးဆွေးနွေး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သီးနှံစိုက်တောင်သူများ သတ်မှတ် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး အဟာရဓာတ်ကြွယ်၀မှုအချိုးအစား ကောင်းမွန်ကာ သင့်တင့်သော ဈေးနှုန်းဖြင့် သွင်းအား စု မြေဩဇာများ ရရှိသုံးစွဲနိုင်ရေးရည်ရွယ်၍ ယနေ့ နံနက် ၁ဝ နာရီက မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ခြင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ အသက်(၆)လမှ (၉)နှစ်အထိ ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာအောင်နှင့် သူနာပြုများက လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၉)နှစ်အထိ ကလေးများအား ဗီတာမင် အေ နှင့် သံချဆေးပုံမှန်တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28182
Page
28183
Page
28184
Page
28185
Current page
28186
Page
28187
Page
28188
Page
28189
Page
28190
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department