Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိချိန်၌ မီးဘေးအန္တရာယ် ကာကွယ် နိုင်စေရန်အတွက် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များကို မြို့နယ်အတွင်း လှည်…
Nov 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအား လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့ည (၇)နာရီမှစတင်ကာ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းလှည့်လည်ကြေညာ ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးသို့ ညစာအာဟာရဒါန ထမင်းဗူး (၁၀၀၀)အား We Love Yangon -North Okkalapa ပရဟိတအဖွဲ့မှ သွားရောက် လှူဒါန်း
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်
အပြည့်အစုံ ဖတ်ရန်
“ASEAN CARE” အစီအစဉ်ဖြင့် တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံရလွယ်သူများနှင့် အကူအညီလိုအပ်နေသူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့
Nov 23,2020
“ASEAN CARE” အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ မိုင်းပွန်စသည့်မြို့နယ်များမှ ရပ်ကွက်များနှင့်ကျေးရွာများရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေး အသင်း အတွင်းရေးမှူး ဒေါ်ရီသိန်း ဦးဆောင်သော အဖွဲ့သည် ယမန်နေ့နံနက် (၉)နာရီအချိန် က တောင်ကြီးမြို့၊ ချမ်းမြသာစည်နှင့် ရွှေတောင်ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေး၊ လက်ဆေးဆပ်ပြာရည်၊ လက်သန့်ဆေးရည်များကို (၂)ရပ်ကွက်ပေါင်း အိမ်ထောင်စု (၃၆)စုတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ Social Distancing နှင့် အညီ ပင်စင်လစာငွေများ ထုတ်ပေး
Nov 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် မြို့တွင်းလမ်းမီးတိုင်များအား…
Nov 23,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး တို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့ပေါ်ရပ်ကွက် နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၂၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက မြို့တွင်းရှိ လမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများနှင့် မျက်နှာကာများ တပ်ဆင် စေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးအတွင်း ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နဂါးမောက်ပင်များတစ်နိုင်တစ်ပိုင်စိုက်ပျိုး
Nov 23,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူများ အနေဖြင့် သိပ္ပံနည်းကျ နဂါးမောက်ပင်များ စမ်းသပ်စိုက်ပျိုးကြရာတွင် အပင်များ အောင်မြင် ဖြစ် ထွန်းပြီး နဂါး မောက်သီးများ စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
Nov 23,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံ၊ Quarantine Centre နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်နှစ်ခုသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့နေ ဦးကျော်သူမင်း+ဒေါက်တာဆွေမာဇင် သမီး မဆောင်းဝတ်မှုန်ဦး မိသားစုမှ ငွေကျပ် (၅၆၂၀၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28176
Page
28177
Page
28178
Page
28179
Current page
28180
Page
28181
Page
28182
Page
28183
Page
28184
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department