အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပင်ကြိမ်ရွာဟောင်းကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက် နေ့ နံနက်ပိုင်းက ဆင်နင်း၍ သေဆုံးသွားခဲ့သူများ၏ ကျန်ရစ်သူ မိသားစု ဝင်များအား မိုးမိတ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ပင်ကြိမ်(သစ်‌)ကျေးရွာ၊ ကျေးရွာ တာဝန်ခံနေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 21,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  လူထုအခြေပြု ဗဟိုဌာန  (Community Centre)  ခန်းမ၌ နိုဝင်ဘာ၂၀ ရက်ညနေ(၃)နာရီက သတင်းထောက်များ လိုက်နားမည့်အချက်(၁၀)ချက်ကိုစာဖတ်ဝိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Nov 21,2020
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး (Mask and Face Shield Campaign ) ကို မွန်ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ နိုဝင်ဘာလ (၂၁)ရက်မှ (၂၇)ရက်နေ့အထိ နံနက်(၇) နာရီမှ (၉) နာရီထိ လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Nov 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ခါးပြတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ်(၆)လုံး ဆုံးရှုံးမှုအား ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်း(၁၇)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ကရွှေထီးကျေးရွာအ ထ က ခွဲကျောင်းတွင် ကျင်းပပြုလုပ်သည်။
Nov 21,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် နေအိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်းတပ်ဆင်ရေး      Mask နှင့် Face Shield Campaign   ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၇နာရီခွဲခန့်က   မြို့ပေါ်ရှိလူစည်ကားရာနေရာစျေးများနှင့် လမ်းဆုံ လမ်းခွ နေရာများ၌ ဆောင်ရွက်လျက်ရှိ​သည်။
Nov 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် အမှတ်(၃)၏  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား များစုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီက ဒဂုံတက္ကသိုလ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Nov 21,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အုန်းတောတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ကုန်းရွာကျေးရွာတွင် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းအတွင်း ဖြုတ်ပိုး ဆစ်ပိုး ကျရောက်မှုအန္တရာယ်မှ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ယမန်နေ့ နေ့ပိုင်းက ကွင်းဆင်း ကြည့်ရှူ့ စစ်ဆေးပြီး တာဝန်ကျဝန်ထမ်းများက အသံချဲ့စက်များဖြင့် တောင်သူများအား နည်းပညာ ပေးလျက်ရှိကြောင်း သိရသည်။
Nov 21,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားကို ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၄၃ ဒသမ ၈၀၀ ဖြင့် ကျေးရွာနှစ်ရွာတွင် ဆောင်ရွက် ပေးမည်ဖြစ်၍ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။