အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၈၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
Aug 12,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် ကံပုလုတ်ကျေးရွာနှင့် သုံးဆင့်ကန် ကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိများ ဖြစ်ကြသည့် ဒေါ်တင်မာလွင်နှင့် ဒေါ်ခင်သန်းထွေးတို့မှ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ယနေ့ နံနက်ပိုင်းက ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးမှု အပေါ် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၅ နာရီခွဲခန့်က ဒီရေတက်ချိန် ရေတိုက်စားမှုကြောင့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်ရေယာဉ် သမ္ဗန်ဆိပ်အနီး အလျား ပေ ၁၂၀ နှင့်အနံ ၃၀ပေခန့်ရှိ ကမ်းထိန်းနံရံ မြေပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
Aug 12,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဌာနမှ ရပ်ကွက်၊ ကျေးရွာ/ အုပ်စုများရှိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်(၁) အတွင်းမှ အသက်၆လမှ ၅နှစ်အထိ ကလေး များအား ဗီတာမင်(A)ကိုလည်း ကောင်း၊အသက်၂နှစ်မှ၉နှစ်အထိ ကလေးများအား သန်ချဆေး ကိုလည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Aug 12,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လုံတောက်ကျေးရွာအုပ်စု၌ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။
Aug 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မား လာစေရေး ပညာရေးကြီးကြပ်မှု ကော်မတီနှင့် ကျောင်းသား/သူများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း နီလာ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
Aug 12,2020
တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်း (မြန်မာနိုင်ငံဆိုင်ရာရုံး) နှင့် We Love Yangon တို့ ပူးပေါင်း၍
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည် တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ပန်းတနော် မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက River View ပေါ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။