Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ တိုးလာသဖြင့် အ.ထ.က (ထန်းတပင်) စင်တာရှိ အရန်တိုးချဲ့ကျောင်းဆောင်များကို စတင်အသုံးပြု
Nov 22,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာလေးခုတို့တွင် အသွားအလာများ ကန့်သတ်ကာ သီးခြားနေထိုင် စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ ယခင် ထက်တိုးလာနေသဖြင့် အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အရန်တိုးချဲ့ အဆောင်အဖြစ် ထားရှိသည့် စာသင် ကျောင်းဆောင်များကို ယမန်နေ့က စတင်၍ အသုံး ပြုနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Nov 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ၊ ကြိုတင်၊ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင် များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူကြသော လူနာများ၏ လူနာစောင့်များ နားခိုနေထိုင်နိုင်ရေးဆောင်ရွက်ပေး
Nov 22,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ လာရောက်ဆေးကုသကြမှုခံယူကြသည့် လူနာများ၏ လူစောင့်များ နားခိုးနေထိုင်နိုင် ရေးအတွက် မိုးကာ ရွက်ဖျင်တဲ့များကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့တွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
Nov 22,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့အတွင်းရှိ သီရိရတနာမြို့မဈေး၊ ဘုရားကြီး ယာယီပျံကျဈေး၊ သာဝတ္ထိဈေး၊ သပြေပင်ဈေး၊ အေလာဈေးနှင့် တောင်စဉ် အေးစစ်ဆေးရေးဂိတ်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီမှ စ၍ နှာခေါင်းစည်း(Mask) (၄၅၀၀)ခန့် အခမဲ့ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ လဟယ်မြို့တွင် အပြင်ထွက်လျှင် နှာခေါင်းစည်း mask မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့်ဆောင်ရွက်
Nov 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်မာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့ ပူးပေါင်း၍ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask မတပ်ဆင် သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ဒဏ်ရိုက်ခြင်း လုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က လဟယ်မြို့ လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများနှင့် မြို့ဝင်/ ထွက်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရော…
Nov 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ အဆိုပါဆိုင်များက စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီမှစ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ ပညာရေးမိသားစု စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပညာရေးရုံးမှကြီးမှူး၍ မြို့နယ် ပညာရေး မိသားစုများမှ စုပေါင်းမဟာဘုံ ကထိန်ပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက မိုင်းနားကျေးရွာ၊ မှန်ပြတောင်၊ သာသနာ့ အလင်းရောင်တောရကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်၊ သမဝါယမအသင်းစုနှင့် ကနေဒါနိုင်ငံ သမဝါယမ အဖွဲ့ချုပ်တို့ပူးပေါင်း ဆောင်ရွက်သည့် ငွေစုငွေချေးလုပ်ငန်းခွဲမှ အမှုဆောင်များနှင့် တွေ့ဆုံ
Nov 22,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သမဝါယမအသင်းစုနှင့် ကနေဒါနိုင်ငံ သမဝါယမ အဖွဲ့ချုပ်တို့ပူးပေါင်း ဆောင်ရွက်သည့် ငွေစုငွေချေးလုပ်ငန်းခွဲမှ အသင်းဝင် အသင်းများမှ အမှုဆောင်များဖြင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက် နှင့်အညီ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28185
Page
28186
Page
28187
Page
28188
Current page
28189
Page
28190
Page
28191
Page
28192
Page
28193
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department