အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် နေအိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်း တပ်ဆင်ရေး Mask နှင့် Face Shield Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇နာရီခွဲခန့်က မြို့ပေါ်ရှိလူစည်ကားရာနေရာစျေးများနှင့် လမ်းဆုံလမ်းခွ နေရာများ၌ ဆောင်ရွက်လျက်ရှိသည်။
Nov 21,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာသော်လည်း ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပြန်လည်ဖွင့်လှစ်လာသည့် လုပ်ငန်းများကြောင့် နေအိမ်ပြင်ပသို့ ထွက်ရှိမှု များပြားလာခဲ့ပြီး အပြင်သို့ထွက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Maskများ၊ Face Shield များ ဝေငှခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဈေးများတွင် ဆောင်ရွက်ခဲ့သည်။
Nov 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၉၇ စု အား အခြေခံ စားသောက်ကုန်များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။
Nov 21,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ ဆန်စက်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 21,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကလေးများနေ့ အခမ်း အနားကို ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၌ Online ဖြင့် ယမန်နေ့ညနေ(၃)နာရီမှ (၆)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 21,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဒဲ(တ)ကျေးရွာနှင့် မဒဲ(မ)ကျေးရွာ ဆက်သွယ်လာသည့် ကျေးရွာတွင်း မြေသားလမ်း အရှည်ပေ ၅၆၂၅ ပေအား ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အလှူရှင်စနစ်ဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းအား နိုဝင်ဘာ ၁၇ ရက်နေ့က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာရှိ ဒေသခံပြည်သူများထံက သိရသည်။
Nov 21,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်ထည်ဖော်ရေး ကော်မတီ (TPIC) ပထမအကြိမ်အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 21,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision Myanmar အဖွဲ့တို့ ပူးပေါင်း၍ (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ကွမ်တာကျေးရွာနှင့် သာယာကုန်း ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။