Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိုင်ကြီးငူအထူးဒေသ လူစည်ကားရာနေရာများတွင် MASK CAMPAIGN ဆောင်ရွက်
Nov 22,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ရောဂါကာကွယ်ရေး နည်းလမ်း များကို ပိုမိုအလေးပေး ဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်း Mask campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Nov 22,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင် အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်း ကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယ ညွန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ ဒုတိယအကြိမ် (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Nov 22,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉နာရီ အချိန်က ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်ဒေသများသို့ မြေပြင်အနေအထား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် One State One Township Project လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 22,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် One State One Township Project လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
WE Love Yangon မှ ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၄) စုအားစားသောက်ကုန်များ ဆက်လက်ထ…
Nov 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလက်လုပ်လက်စား ပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်း အချိန်ကစတင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၁၀၄ စု အား အခြေခံစားသောက်ကုန်များ ကို ဆက်လက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စားသောက်ဆိုင်များ ကိုဗစ်-၁၉ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လက်ဖက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပြင်ဆင်ထားရှိမှု ရှိ/မရှိ ကို ယမန်နေ့ ညနေ(၃) နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့အနီး ပါချန်မြစ်အတွင်း ကျောက်ငါးများ သေဆုံးမျောပါနေမှုအား တာဝန်ရှိ အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေး
Nov 22,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ် ပါချန်မြစ်ကြောင်း အတွင်း ကျောက်ငါးများ သေဆုံးမျောပါနေမှုအား ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီး ဌာနနှင့် တာဝန်ရှိအဖွဲ့အစည်း များ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Nov 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ် နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28183
Page
28184
Page
28185
Page
28186
Current page
28187
Page
28188
Page
28189
Page
28190
Page
28191
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department