Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုမရှိတော့ကြောင်း သိရ
Nov 16,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်း ခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်နေ့အထိ တမံရေ ပြည့်မှတ်အထက် ရေကျော်ကျမှုများ ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က စတင်ကာ တမံရေပိုလွှဲမှ ရေကျော်ကျမှု မရှိတော့ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်း အောင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံ-ညောင်ဦးမြို့မှ သွားရောက်နိုင်သည့် ခရီးစဉ်ဒေသသစ် (၅) ခု
Nov 16,2020
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံခရီးစဉ် ဒေသပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းကျေးရွာရွေးချယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအ…
Nov 16,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလ စီးပွါးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် စိုက်ပျိုးရေးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကျပ် (၂၀) ဘီလီယံကျော်ရှိဟုဆို
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် စိုက်ပျိုးရေးစရိတ်များအဖြစ် တောင်သူများသို့ ထုတ်ချေး ပေးထားသော ချေးငွေများထဲမှ ပြန်လည်ပေးဆပ်ရန် ငွေကျပ်(၂၀.၃၃)ဘီလီယံ ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးမျိုးမြင့်ဦး ၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းများကို Onlineမှ…
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် အသိပညာဗဟုသုတ ရရှိစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက သုတပဒေသာကဏ္ဍ အစီအစဉ်တွင် ဒေါက်တာသန့်စင်(ရူပဗေဒ) ရေးသားသော မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု (Myanmar sat-2) သိကောင်းစရာ အကြောင်းကို Onlineမှ ရိုက်ကူးလွှင့်တင် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် Mask နှင့် Face Shield များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကမာရွတ် မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အထူးရဲတပ်ဖွဲ့ဝင်(၁၆၃)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Nov 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ခြင်ကိုက်ကုန်းကျေးရွာ လယ်ထွန်ယက်ရာမှ ရှေးဟောင်းရုပ်တုတွေ့ရှိ
Nov 16,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ခြင်ကိုက်ကုန်းကျေးရွာတွင် ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကြက်သွန်စိုက်ပျိုးရန်အတွက် ထွန်ယက်နေစဉ်တွင် ရှေးဟောင်းရုပ်တုအား တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28250
Page
28251
Page
28252
Page
28253
Current page
28254
Page
28255
Page
28256
Page
28257
Page
28258
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department