Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ရက်ပြည့်သူ (၂၃)ဦးအား Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်
Nov 16,2020
ဟားခါး နိုဝင်ဘာ ၁၆ ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၂၃ ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် နိုဝင်ဘာလ ၁၆ ရက်နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဟာမြိုင် စျေးအတွင်း Mask နှင့် Face Shield Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၄၁) တိုးချဲ့ရပ်ကွက်တွင် ဖွင့်လှစ်ထားသော မဟာမြိုင် စည်ပင်သာယာစျေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်၇နာရီက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်မှ ကိုဗစ်-၁၉ပိုးတွေ့လူနာ (၁၀)ဦး ပိုးကင်းစင်၍ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ဆေးရုံဆင်းခွင်ရရှိသူစုစုပေါင်း (၁၇၃)ဦးရှိ
Nov 16,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အ−ထ−က(ကျောက်တံခါး)တွင် ယာယီဆေးခန်းဖွင့်လှစ်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ပိုင်းက ပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး ဖဒိုတိုက်နယ်ဆေးရုံမှ ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦး စုစုပေါင်း(၁၀)ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေး လုပ်င…
Nov 16,2020
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စစ်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် ကြက်ခြေနီအသင်း (ခွဲ) မှ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း များအား အခြေခံစားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်း
Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး နေထိုင်တော်မူသော သံဃာတော် အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရန် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၊ သူနာပြု တပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန် လှူဖွယ်ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ဒလမြို့နယ်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ညောင်ကုန်းရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အား အခြေခံ စားသောက်ကုန်များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဒိုက်ဦးမြို့နယ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Nov 16,2020
၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယ အကြိမ်မြောက်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် (၁.၁၀.၂၀၂၀မှ ၁၅.၁၁.၂၀၂၀) ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ကို ထမ်းဆောင်ခဲ့ကြသော အထူးရဲ (၁၇၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ဓမ္မာရုံ တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ် ၌အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Nov 16,2020
၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ၀၈:၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မြတ်တိုရပ်ရှိ မြို့နယ်ထွေ/အုပ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28246
Page
28247
Page
28248
Page
28249
Current page
28250
Page
28251
Page
28252
Page
28253
Page
28254
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department