အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ သဘာဝဘေးန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေး အန္တရာယ် လက်ကမ်း စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 16,2020
ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ်- ၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရို အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း (၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဦးမောင်မောင်ချို ဦးစီးမှူး(တတိယ)တန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ (ဒုတိယ)မြို့နယ် တပ်ဖွဲ့မှူးတို့ လိုက်ပါလျက် နိုဝင်ဘာ (၁၆) ရက် နံနက် (၇) နာရီခွဲက မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ စတုတ္ထအကြိမ် ထွက်ခွာသွားကြောင်း သိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့က ကျေးရွာများအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်း သို့ ကားများဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
Nov 16,2020
ဟားခါးမြို့တွင်း ရေဖြန့်ဝေပေးသည့် ဂါလံ(၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့တွင် ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။