အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလ စီးပွါးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
Nov 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းအတွင်း၊ အပြင်သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ ရှင်းလင်းခြင်းနှင့် ခြင်အန္တရာယ် ကင်းဝေးစေ ရေးလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် We Love Mingalar Taung Nyunt တို့ ပူးပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ပေါ်ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်သူများ လက်ဝယ်အရောက်ပေး အပ်ခဲ့သည်။
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ်ကွက်ကို ၆၆ ပေ နှင့် ၆၆ပေ စံကွက်ရိတ်သိမ်းရာ အစိုထွက် ၁၅၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
Nov 16,2020
မင်းတပ်မြို့တွင် Stay at Home သတ်မှတ်ထားသောဒေသမှ တရားမဝင်လာရောက်သူများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်းကိစ္စအခက်အခဲများ မရှိစေရေး အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းကိုး ကျောင်းသို့ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် မိုးစပါး (RS.CS) မျိုးသန့်မျိူးပွား စံပြကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကောင်းကျဲကျေးရွာအုပ်စု ကွင်းအမှတ်(၁၂) ဉီးပိုင်၅၂(က) တောင်သူဉီးလောက်ချန်း၏ လယ်ဧက(၂)ဧက၌ ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ၆ ဒသမ ၆ပေ ပတ်လည် စံကွက်ရိတ်သိမ်းခြင်း နည်းလမ်းဖြင့် အတိုးနှုန်းတိုင်းတာခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီချိန်က တောင်သူ ဦးဇင်းဝါ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။